ပျံကျဈေးသည်များအား သတ်မှတ်ဧရိယာအတွင်း ရောင်းချမှုရှိ/မရှိ ကြည့်ရှုစစ်ဆေး

လှည်းကူး ဒီဇင်ဘာ ၁၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြည်တော်သာရပ်ကွက် ဒါးပိန်လမ်းခွဲရှိ ယာယီပျံကျဈေး သည်များအား သတ်မှတ်ဧရိယာအတွင်း ရောင်းချမှုရှိ/မရှိ နေ့စဉ် ညနေ(၃)နာရီချိန်တွင် တာဝန်ရှိသူ များမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါဈေး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပျံကျဈေးသည်များအား သတ်မှတ်ဧရိယာအတွင်း သာ ရောင်းချစေရန်၊ ဈေးရောင်းဈေးဝယ်နေရာများတွင် လူစုလူဝေးမဖြစ်စေ ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်သည့်အနေဖြင့် တစ်ဦးနှင့် တစ်ဦး(၆)ပေခွာနေပြီးမှ ဈေးဝယ် ကြစေရန်၊ လက်သန့်ဆေးရည်များဖြင့် လက်များကို မကြာခဏ ဆေးကြောသန့်စင်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းရှိ/ မရှိကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

နိုင်လင်း(လှည်းကူး)