ချောင်းဆုံ ဒီဇင်ဘာ ၁၈
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေး အန္တရာယ် လုံခြုံရေးအတွက် ကျေးရွာများတွင် တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက်က မရမ်းကျေးရွာတွင် ကွင်းဆင်း လိုက်လံ စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ် ဦးစီးမှူး ဦးအောင် မိုးမြတ်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတို့က ပြည်သူ များမီးဘေးအန္တရာယ်ကြိုတင် ကာကွယ် နိုင်ရန်၊ အသက်အိုးအိမ်ဆုံးရှုံးမှုများ မဖြစ်ပေါ် စေရေးအတွက် တစ်အိမ်တက်ဆင်းပြီး မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အကြံပြုခြင်းများနှင့် မီးသတ် ဆေးဘူးအသုံးပြုပုံများ ကို ရှင်းလင်းပြသပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။
မြို့နယ်(ပြန်/ဆက်)