ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် နယ်မြေအေးချမ်းလုံခြုံရေး၊ မှုခင်းများ လျော့ကျစေရေးအတွက် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်

ဒဂုံ(ဆိပ်ကမ်း) ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းလုံခြုံရေး၊  မှုခင်းများလျော့ကျစေရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ညစဉ်လှည့်ကင်းများ၊ ယာဉ်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နာရီအချိန်က ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်အေးဝင်းနိုင်နှင့်တပ်ဖွဲ့များ၊ အမှတ်(၅၈) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သူနှင့်အဖွဲ့များ စုပေါင်းအင်အား(၁၀) ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ   အမှတ်(၅၈)ရပ်ကွက်၊ ကွမ်အပ်သားမင်းသားလမ်းနှင့် ရတနာလမ်းထောင့်တွင် ယာဉ်များ ပိတ်ဆို့စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Stay at Home နေစဉ်ကာလအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် အမှုများနှင့် ဒုစရိုက်မှုများ ကျဆင်းစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူများ၊ ယာဉ်များ အချိန်မတော် သွားလာမှုမရှိစေရေးကို လှည့်ကင်းများဖြင့် ညစဉ် မြို့နယ်ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နန်းရွှေကြည်(ပြန်/ဆက်)