လမ်းမတော် ဒီဇင်ဘာ ၁၉
ကုန်သည်စက်မှုအသင်းချုပ်သည် International Trade Centre (ITC) နှင့်ပူးပေါင်း၍ အသင်းချုပ်နှင့် ညီနောင်အသင်းများ၏ လုပ်ငန်းစွမ်းရည်များ တိုးတက်ကောင်းမွန်လာပြီး Operational and Internal Capacity မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် Training Consultants များ မွေးထုတ်ပြီး ရေရှည်ဖွံ့ဖြိုးမှုအစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် "Training Trainers in Organizational Strengthening" သင်တန်း၏ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့တွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပခဲ့သည်။
အသင်းချုပ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးသက်မှ အသင်းချုပ်၏ လုပ်ငန်းရည်ရွယ်ချက်များတွင် ညီနောင်အသင်းများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ပြီး ပုဂ္ဂလိကကဏ္ဍ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် ရည်ရွယ်ချက် ပါဝင်ပါကြောင်း၊ ၎င်းလုပ်ငန်းရည်ရွယ်ချက်ကို အကောင်အထည် ဖော် ဆောင် ရွက်သည့် အနေဖြင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေး ပွဲများကို ကျင်းပပေးခဲ့ပါကြောင်း ပြောကြားခဲ့ပြီး ITC မှ Trade and Investment Project Leader Mr. Charles Roberge မှ ၎င်းတို့ အနေဖြင့် Trade and Investment Project ကို အကောင်အထည်ဖော်ပြီး အသင်းချုပ်နှင့် ညီနောင်အသင်းများ၊ CSO များကို လုပ်ငန်း စွမ်းဆောင်ရည်တိုးတက်လာရေး ကူညီဆောင်ရွက်ပေးရန်အတွက် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ CSO များ ခိုင်မာအားကောင်းလာမှသာ Public-private dialogue ပိုမိုသက်ဝင်လာပြီး နိုင်ငံတော် အတွက် အကျိုးရှိသည့် မူဝါဒများနှင့် အကြံဉာဏ်ကောင်းများ ပေးနိုင်မည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ အသင်းချုပ်၏ ညီနောင်အသင်းများနှင့်အသင်းဝင်ကုမ္ပဏီများမှ ပုဂ္ဂိုလ်များ၊ UMFCCI Training Institute နှင့် Technical Vocational Training မှ သင်တန်းနည်းပြများအပါအဝင် သင်တန်းသား (၁၀) ဦး တက်ရောက်ခွင့် ရရှိခဲ့သည်။
အခမ်းအနားသို့ အသင်းချုပ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုး သက်၊ ကော်မတီဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်စိုး၊ ကော်မတီအတွင်းရေးမှူး ဒေါ်ချိုသီရိမောင်နှင့် အသင်းချုပ် အလုပ်အမှုဆောင် ဦးအောင်ဇေယျာလွင်၊ International Trade Centre (ITC) မှ Mr. Charles Roberge, TIP Leader (TBC), Ms. Anne Chappaz, Chief, Institutional Strengthening, Mr. Sital Kumar (TBC), Mr. Aman Goel, Programme Officer, Institutional Strengthening Daw Wah Wah Cho, Institutional Strengthening Advisor တို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့် (လမ်းမတော် ပြန်/ဆက်)