မင်္ဂလာတောင်ညွန့်မြို့နယ်တွင် Quarantine Centre များ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း Quarantine ဝင်ရောက်ခဲ့သူ အသက် (၆၀) နှစ်နှင့်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ်(၃၀၀၀၀) စီ ထောက်ပံ့ပေးအပ်

ရန်ကုန် ဒီဇင်ဘာ ၁၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း Community Based Facility Quarantine Centre များတွင် အသွားအလာ ကန့်သတ်ထားရှိခဲ့သည့် အသက်(၆၀)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် တစ်ဦးလျှင် ကျပ် (၃၀ဝဝဝ) ကျပ်စီ ထောက်ပံ့မှုများအား ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ရပ်ကွက်များအလိုက် ကွင်းဆင်းပေးအပ်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကန်/မြောက် မူကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်သော်မှ မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၇) ခုမှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ မြို့နယ်၏ Community Based Facility Quarantine Centre များတွင် Quarantine ဝင်ရောက်ခဲ့ရသည့် အသက် (၆၀) နှစ်နှင့်အထက် ဘိုးဘွား (၅၃) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) ကျပ်စီဖြင့် စုစုပေါင်း ငွေကျပ် (၁၅၉၀၀၀၀ကျပ်အား ရပ်ကွက်များ အလိုက် ဘိုးဘွားများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)