ဘောဂလိမြို့ အမှတ်(၂)ရပ်ကွက် ဖူးလားခရီးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီး

ဘောဂလိ    ဒီဇင်ဘာ    ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင်း  သန့်ရှင်းသာယာလှပရေးနှင့်  ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်း တူးဖော် ခြင်း၊  ကွန်ကရစ်လမ်းခင်းခြင်း  လုပ်ငန်းများကို   မြို့စည်ပင်သာယာရေးအဖွဲ့မှ ဘဏ္ဍာနှစ်အလိုက်  အကောင်အထည်ဖော်  ဆောင်ရွက် လျက် ရှိကြောင်း  သိရသည်။

မြို့သန့်ရှင်းသာယာလှပရေးနှင့်  ရေစီးရေလာကောင်းမွန်ရေး  လုပ်ငန်းများ ဆောင်ရွက်ရာ၌   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြု ရန်ပုံငွေ ဖြင့်  အမှတ်(၂)ရပ်ကွက်ရှိ  ဖူးလားခရီးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို  ဒီဇင်ဘာလ  ဒုတိယအပတ်တွင် စတင်ဆောင်ရွက်လျက်ရှိရာ  ယခု အချိန်တွင်   (၅၀)ရာခိုင်နှုန်း  ပြီးစီးပြီဖြစ်ကြောင်း  သိရသည်။

အဆိုပါ လမ်းသည်  အရှည် ၂၈၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မ၊ ခွင့်ပြုရန်ပုံငွေ (၇.၆၆၅)သန်းရှိပြီး   သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး အတွက် မြို့စည်ပင်သာယာရေး အဖွဲ့မှ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြေင်း  သိရသည်။

နီလာအေး  (ဘောဂလိ ပြန်/ဆက်)