မရမ်းကုန်း ဒီဇင်ဘာ ၁၉
မြို့နယ်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ပြည်သူများလမ်းသွားလာမှု အဆင်ပြေစေရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အတွင်းရှိ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းနေရာများသို့ ယမန်နေ့ နံနက်ပိုင်း က ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်မည့် နေရာများမှာ အမှတ် (၅၊ ၆၊ ၇) ရပ်ကွက်များရှိ လမ်းများဖြစ်ပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် အခြေအ နေများအား စုပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
ဆောင်ရွက်မည့် လုပ်ငန်းနေရာများ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ထွန်းနှင့် တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးအောင် (ပြန်/ဆက်)