ကျိုက်ဒုံ ဒီဇင်ဘာ ၁၉
ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်ကျိုက်ဒုံမြို့တွင် ဒီဇင်ဘာလ ၁၉ ရက်နံနက် ၈နာရီ၄၅မိနစ်က (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်ပြည်နယ် ဘတ်ဂျတ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်မည့် ဟောင်သရော ခန်းမပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဌာနမှ ဝန်ကြီးဦးသန်းနိုင်၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ လွှတ်တော်ကိုယ်စားလှယ်ဦးစောရှားဖောင်အွာ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှညွှန်ကြားရေးမှူး သူရဦးမြင့်သူ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက ဟောင်သရောခန်းမ ဆောက်လုပ်ရန်အတွက် သတ်မှတ်နေရာအသီးသီးတွင်မင်္ဂလာပန္နက်များရိုက်တင်ပေးခြင်း၊ အောင်သပြေဖြင့် အမွှေးနံ့သာပက်ဖြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောင်သရောခန်းမခွင့်ပြုရန်ပုံငွေ (၁၂၀.၀၀၀)ကျပ်သန်းဖြင့် အလျား(၁၀၀)ပေ၊ အနံ(၆၂)ပေ၊ အမြင့်(၂၄)ပေ၊ အဆောက်အဦးအမျိုးအစားမှာ(Steel Structure)အမျိုးအစား ဖြစ်ပြီးတင်ဒါအောင်မြင်သည့် ရှာမူးလာကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)