တောင်ငူ ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအား အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း လမ်းဆုံလမ်းခွနေရာများနှင့် လူစည်ကားရာ လမ်းတစ်လျောက် ပြည်သူများ ပါးစပ်နှင့် နှာခေါင်းစည်းများ စနစ်တကျစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း အခုရေ (၁၀၀၀၀) အခမဲ့ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာ၌ လွှတ်တော်ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာများ ၊ မြို့နယ် ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များနှင့် လူမှုပရဟိတအဖွဲ့များက တောင်ငူ - သံတောင်လမ်း ၊ မြို့ဝင်မုခ်ဦး ၊ ဗိုလ်မှူးဖိုးကွန်းလမ်း ၊ ကန်လမ်း ၊ ဘုရင့်နောင်စျေး ၊ ညောင်ပင်လေးစျေး ၊ လမ်းဆုံလမ်းခွနေရာများ နှင့် စည်ကားရာလမ်းတစ်လျောက် ကိုဗစ်- ၁၉ ရောဂါကာကွယ်နိုင်ရေး အသိပေးနှိုးဆော်မှုများနှင့် ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ တောင်ငူမြို့နယ် ကေတုမတီမြို့သစ်တွင်လည်း ဌာနဆိုင်ရာများနှင့် ပရဟိတ အဖွဲ့ဝင်များ ပူးပေါင်းကာ ရန်ကုန် - မန္တလေး ပုံမှန်ကားလမ်း တစ်လျောက် နှင့် စျေးအတွင်း၌ ပါးစပ်နှင့် နှာခေါင်းစည်း အခုရေ (၁၀၀၀) အခမဲ့ဝေငှခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဇော်ထက်(တောင်ငူ)