ကြာအင်းဆိပ်ကြီးမြို့၌ အာဇာနည်ဗိမာန် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၁၉

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၄၈.၅) သန်းဖြင့် အာဇာနည်ဗိမာန်တည်ဆောက်ခြင်း ပန္နက်တင်  အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က အမှတ်(၃)ရပ်ကွက် မြို့ပတ်လမ်း၌ ပြုလုပ်ကျင်းပသည်။

အဆိုပါပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်း ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လုပ်ငန်းတည်ဆောက်မည့် သတ်မှတ်နေရာအား ပန္နက်တိုင်ရိုက်ခြင်းနှင့် အမွှေးနံ့သာများအား ပက်ဖြန်းပေးခဲ့ကြောင်းသိရသည်။

မျိုးမင်းဦး ပြန်/ဆက်