ထီးချိုင့် ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ကမ်းနီကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများသည် ရေဆင်း(၆) ပဲပုတ်စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၈)နာရီအချိန်က ကမ်းနီနည်းပညာပြန့်ပွားရေးစင်တာနယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ ကမ်းနီနည်းပညာပြန့်ပွားရေးစင်တာ တာဝန်ခံဒေါ်မေမီလင်း၊ တွဲဘက်တာဝန်ခံနှင့်စိုက်ပညာနယ်ဝန်ထမ်းများသည် တောင်သူများအား ပဲပုတ်စိုက်ပျိုးနည်း၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်နှိမ်နင်းနိုင်ရေးနည်းပညာပေးဆွေးနွေးခြင်း၊ မျိုးအရည်အချင်းလက္ခဏာများ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်စိုက်ပညာဝန်ထမ်းများမှ ရေဆင်း(၆)ပဲပုတ် စိုက် ပျိုးခြင်းကို လက်တွေ့ကွင်းသရုပ်ပြစိုက်ပျိုးပေးခဲ့ကြောင်းသိရပါသည်။
ရဲလင်းထွန်း ( ထီးချိုင့် )