ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေပေးဝေသည့်မြောင်းများ သန့်ရှင်းရေးနှင့် ဆေးသုတ်ခြင်း လုပ်ငန်းများဆောင်ရွက်

ပွင့်ဖြူ      ဒီဇင်ဘာ   ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများ (နွေ၊ မိုး၊ ဆောင်း) ရာသီမပျက် အဆင်ပြေစွာ သီးနှံစိုက်ပျိုး နိုင်ရေး အတွက် မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေဖြန့်ဝေ ပေးလျက် ရှိသည့် တောင်မုန်းမြောင်းမကြီးအား ကြံ့ခိုင်ကောင်းမွန်စေရန်နှင့် သန့်ရှင်းသာယာ လှပစေရေးအတွက် သန့်ရှင်းရေး ပြုလုပ် ခြင်းနှင့် မြောင်းပေါင်များ ဆေးသုတ်ခြင်း လုပ်ငန်းများကို မြို့နယ်ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ လမ်းညွှန်မှုဖြင့် ဆည်ရေ လုပ်သားများ အဖွဲ့က ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးရေ ဖြန့်ဝေပေးနေသည့် တောင်မုန်းမြောင်းမကြီးအား ကြံ့ခိုင်ကောင်းမွန်စေရန်နှင့် သန့်ရှင်းသာယာ လှပစေရေး အတွက် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ဆေးသုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ လမ်းညွှန်မှုဖြင့် ဆည်ရေလုပ်သားအဖွဲ့ခေါင်းဆောင် ဦးမြတ်မင်း ဦးဆောင် ကာ ဆည်ရေလုပ်သားများအဖွဲ့က နေ့စဉ်ဆောင်ရွက်နေကြောင်း၊ ထို့အပြင် တောင်သူများ မိုးစပါးသီးနှံ အောင်ရေ အပြည့်အဝ ရရှိရေး အတွက်  ရေလက်တံမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများတွင် ပိတ်ဆို့နေသော ရေမှော်ပင် များ ဖယ်ရှားရှင်းလင်းခြင်းနှင့် မြောင်းပေါင်များရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက တောင်မုန်းမြောင်းမကြီးတစ်လျှောက် ကြံ့ခိုင်ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ဆေးသုတ်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းကို ဆည်ရေလုပ်သား အဖွဲ့ခေါင်းဆောင် ဦးမြတ်မင်းနှင့် အဖွဲ့ဝင်များက  တောင်မုန်း မြောင်းမကြီး လက်တံအမှတ်(၄)ထိပ်ရှိ ရေပေး အဆောက် အအုံနှင့် ရေပေးမြောင်းများကို ဆေးသုတ်ခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်း ပြုလုပ်ခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံက သိရသည်။

ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းသကြီးအတွင်းရှိ မြို့နယ်များတွင် နှစ်စဉ်ဆန်စပါး အများဆုံး စိုက်ပျိုးထုတ်လုပ်နိုင်သည့် မြို့နယ် တစ်ခုဖြစ်ကာ တောင်သူများ စိုက်ပျိုးရေအဆင်ပြေစေရေးအတွက် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန အနေဖြင့် မဲဇလီရေလွှဲဆည်မှ ဆည်ရေအား တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေ စနစ်တကျ ဖြန့်ဝေပေး လျက်ရှိပြီး ယခုနှစ်တွင် တောင်သူများစိုက်ပျိုးသည့် မိုးစပါးသီးနှံစိုက်ခင်းများမှာ စိုက်ပျိုးရေ အဆင်ပြေမှု ကြောင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )