လိပ်သို ဒီဇင်ဘာ ၁၉
ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ(ဖောင်ကြီး) တွင် သွားရောက် တာ၀န် ထမ်းဆောင်ခဲ့သည့် ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ လိပ်သိုမြို့ တိုက်နယ်ဆေးရုံမှ သူနာပြု ၀န်ထမ်း (၂) ဦးအား ယမန်နေ့ညပိုင်းက တိုက်နယ်ပြည်သူ့ ဆေးရုံတွင် ဂုဏ်ပြုကြိုဆိုခဲ့ကြ ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ လိပ်သိုမြို့ ကိုယ်စားပြုအနေနဲ့ Volunteer အဖြစ် တစ်လခွဲ သွားရောက် တာ၀န်ထမ်းဆောင်ခဲ့သည့် သူနာပြုဆရာမ ဒေါ်နော်မီမီဇင်ဟန် နှင့် ဒေါ်နော်လဲ့လဲ့၀င်း တို့သည် ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ကနေ ပြန်လာတာဖြစ်ပြီး ဆေးရုံ ၀န်ထမ်းအိမ်ယာ Quarantine တွင် ကျန်းမာရေးကောင်းမွန်စွာဖြင့် နေထိုင်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ (ဖောင်ကြီး) တွင် တစ်လခွဲကြာ တာ၀န် ထမ်းဆောင်ပြီး လိပ်သိုမြို့သို့ ပြန်လည်ရောက်ရှိလာရာ ကျန်းမာရေး၀န်ထမ်းများ၊ ဌာန ဆိုင်ရာ တာ၀န်ရှိသူများနှင့် မြို့မိမြို့ဖများမှ ဂုဏ်ပြုပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)