ရေတာရှည် ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ညွန့်နှင့် ဝန်ထမ်းများက နှောပင်ကျေးရွာ၊ ဇလုပ်ကြီး ကျေးရွာနှင့် ကူးတို့ကုန်းကျေးရွာတို့တွင် ယမန်နေ့က (VDP) စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းဖြင့် ကျေးရွာပေါင်း ၁၅ ရွာကို ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရွေးချယ်ထားသော (VDP) စီမံကိန်း ကျေးရွာများအနက် ကျေးရွာအလိုက်ကော်မတီဝင်များ ရွေးချယ်ခဲ့ရာ စုစုပေါင်းကျေးရွာ ၆ ရွာ အထိဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ကျန်ရှိသော ကျေးရွာ ၉ ရွာအား ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဆု(ပြန်/ဆက်)