ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ အသက်မွေးဝမ်းကျောင်းပညာသင်တန်းကျောင်းတွင် မြန်မာမုန့်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်သင်ကြားမည်

တံတား ဒီဇင်ဘာ ၁၉

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သည့် မြန်မာမုန့်ပြုလုပ်နည်းသင်တန်းကို တံတားမြို့ အမှတ်(၁)ရပ်ကွက်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းပညာသင်တန်းကျောင်းတွင် ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာမုန့်ပြုလုပ်နည်းသင်တန်းကို အသေးစားစက်မှုလက်မှုလုပ်ငန်း(ရန်ကုန်) ပညာရှင်များမှ  ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့မှ (၈)ရက်နေ့ထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသည့် ပြည်သူများ အနေဖြင့် အသေးစိတ်သိရှိလိုပါက ၀၉_၇၉၅၁၄၁၅၅၆ နှင့် ၀၉_၇၉၅၉၁၇၀၄၂ ဖုန်းနံပါတ်များသို့ ကြိုတင်ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။

တင်နိုင်ဝင်း (ပြန်/ဆက်)