လက်ဖက်စနစ်တကျ ကိုင်းဖြတ်ခြင်းနည်းပညာမိတ်ဆက်ပွဲကို ခန္တီးမြို့နယ် ဟိန်စွန်းကျေးရွာတွင်ပြုလုပ်

ခန္တီးဒီဇင်ဘာ ၁၉

           လက်ဖက်စနစ်တကျကိုင်းဖြတ်ခြင်းနည်းပညာ မိတ်ဆက်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟိန်စွန်းကျေးရွာ တောင်သူဦးအုန်းကျော်၏ ဦးပိုင်အမှတ်() ဟိန်စွန်းပြင်ကွင်းတွင် ခရိုင်၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

         လက်ဖက်ကိုင်းများကို စနစ်တကျကိုင်းဖြတ်ပေးခြင်းဖြင့် ကိုင်းသစ်ထွက်မှု၊ ကိုင်းဖြာထွက်မှု ပိုမိုကောင်းမွန်လာသဖြင့် အထွက်နှုန်းတိုးစေခြင်း၊ ရောဂါကျအကိုင်းများရှင်းလင်းနိုင်သဖြင့် အပင်၏ကျန်းမာ ရေးပိုမိုကောင်းမွန်စေခြင်း၊ ကိုင်းအိုဟောင်းများဖယ်ရှားပေးခြင်းဖြင့် ထည့်သွင်းသည့်မြေဩဇာအား အပင်မှပိုမိုရရှိစေခြင်း၊ လက်ဖက်ရွက်အရည်အသွးပိုမိုကောင်းမွန်စေခြင်းနှင့် လက်ဖက်ရွက်ခူးဆွတ်ရာတွင် ပိုမိုလွယ်ကူသက်သာစေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေက ပြောသည်။

စနေမောင်မောင်(ခန္တီး)