ပခုက္ကူ ဩဂုတ် ၄
ပခုက္ကူမြို့၊ အမှတ်၁၄ ရပ်ကွက်၊ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီးဝင်ထွက်သွားလာရာလမ်းဘေးတွင် ရေနုတ်မြောင်းတူးရာမှ လိုဏ်ခေါင်းတစ်ခု ယနေ့ နံနက် ၉နာရီခန့်က တွေ့ရှိကြောင်း သိရသည်။
အဆိုပါတွေ့ရှိသည့်နေရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဘုရားကြီးဂေါပကအဖွဲ့များ ကြည့်ရှု စစ်ဆေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြထားကြောင်းသိရသည်။
လိုဏ်အမျိုးအစားနှင့် အခြေအနေသိရှိရန် ရှေးဟောင်းသုတေသနဌာနသို့ ဆက်သွယ်ထားကြောင်းသိရသည်။
ပခုက္ကူခရိုင်(ပြန်/ဆက်)