လူထုဗဟိုပြုစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာတွင် ကျေးရွာအဆင့် မိတ်ဆက်ပွဲကျင်းပ

ခရမ်း    ဒီဇင်ဘာ    ၁၉

ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူး​ပေါင်းအ​ကောင်အထည်​ဖော်​ ဆောင်ရွက်လျက် ရှိသည့် လူထုဗဟိုပြုစီမံကိန်း (CDD)ကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာ​ရေးနှစ်တွင် စတင်အ​ကောင်အထည်​ဖော်ဆောင်ရွက်မည့် ရန်ကုန်တိုင်း​ဒေသကြီး၊​ ခရမ်းမြို့နယ် ကျေးရွာအဆင့်စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားအား ယမန်နေ့နံနက်(၁၁) နာရီအချိန်တွင်   ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ခရမ်းမြို့နယ် ပိန်းကန် ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့  ရန်ကုန်တိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ ဒုတိယစီမံကိန်းတာဝန်ခံ ဦးတန်ဂျီးမှ  လူထုဗဟိုပြု ကျေးရွာအဆင့်စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများမှ စီမံကိန်းအ​ကြောင်း သိရှိလိုသည်များ​မေးမြန်းကြရာ လူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ ဒုတိယတာဝန်ခံ ဦးတန်ဂျီးနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်တို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီး တိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ကျေးရွာများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုမင်း (ခရမ်း)