မကွေး-နတ်မောက်လမ်း၊ သင်ကြားရေးဆေးရုံကြီးအနီးတွင် မော်တော်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွား

မကွေး ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ မကွေး-နတ်မောက်လမ်း၊ သင်ကြားရေးဆေးရုံကြီး အနီးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်ခန့်က ကောက်ရိုးများ တင်ဆောင်လာသော Toyota မော်တော်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ် မီးလောင်ကျွမ်းရာသို့ မကွေးခရိုင်နှင့် မကွေးမြို့နယ်မှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် များ မီးသတ်ယာဉ်(၃)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့ပြီး၊ ဖြစ်စဉ်နှင့်ပတ်သက်၍ လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာ/သေဆုံးခြင်း မရှိကြောင်း သိရှိရ သည်။

သန်းနိုင်ဦး(ငဖဲ)