မကွေး ဒီဇင်ဘာ ၂၀
၂၀၂၀ ပြည့်နှစ် သြဂုတ်လ ဒုတိယပတ်မှစ၍ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု များရှိလာခဲ့ပြီး တိုင်းဒေသကြီး ပြည်နယ်များသို့ ကူးစက်ပြန့်ပွားလျက်ရှိရာ မကွေးတိုင်းဒေသကြီးတွင် ဒီဇင်ဘာလ ၁၈ ရက် ည၈ နာရီမှ ၁၉ ရက်နေ့ ည ၈ နာရီအချိန်အထိ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်(၃၉)ဦး ထပ်တိုးခဲ့၍ တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း (၂၁၄၀)ဦး ရှိပြီဖြစ်ကြောင်း တိုင်းဒေသသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန် ချက်အရ သိရသည်။
တိုင်းဒေသကြီးအတွင်းမှာ ပိုးတွေ့ရှိမှုက မနေ့က အနည်းငယ်လျော့နည်းခဲ့တယ်၊ ဒီနေ့မှာ ပြန်တက်လာပါတယ်၊ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူတွေ ရှိသလို ခုရက်ပိုင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကလည်း ပိုမိုတွေ့ရှိနေဆဲပါ၊ ဒီကနေ့မှာ ထပ်တိုးတွေရှိခဲ့ တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးမှုဖြင့် ပိုးတွေ့အတည်ပြုလူနာ (၃၉)ဦး ထပ်တိုးတွေ့ရှိခဲ့တာပါ၊ ပိုးတွေ့ရှိတဲ့မြို့နယ်တွေက အောင်လံ(၁၂)ဦး၊ မကွေးနဲ့မင်းလှ(၄) ဦးစီ၊ မင်းဘူး၊ဂန့်ဂေါနဲ့ စလင်းက (၃)ဦးစီ၊ ပခုက္ကူနဲ့ ပွင့်ဖြူက(၂)ဦးစီ၊၊မြိုင်၊ မြို့သစ်၊ တောင်တွင်းကြီး၊ ဆိပ်ဖြူ၊ ဆောနဲ့ ကံမက(၁)ဦးစီ ဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေထဲက မင်းလှက(၃)ဦး၊ အောင်လံက(၆)ဦး၊ မင်းဘူး(၁)ဦးနဲ့ ဆော(၁)ဦးတို့ က ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့မှုရှိတာကြောင့် အသွားအလာ ကန့်သတ်ထားသူတွေဖြစ်ပြီး ကျန်သူတွေက အနံ့ပျောက် လက္ခဏာ ပြသူတွေနဲ့ Quarantine center တွေက ဖြစ်ပါတယ်။ ယမန်နေ့ ညနေပိုင်းအချိန်အထိ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာ စုစုပေါင်း(၂၁၄၀)ဦးရှိပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြုပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း ယမန်နေ့ ည ၈ နာရီအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ပေါင်း(၂၁၄၀)ဦး ထိရှိလာပြီး၊ အတည်ပြုလူနာများထဲက တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ တက်ရောက်ဆဲ(၄၈၁)ဦးရှိကာ၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၁၆၅၄)ဦးနှင့် သေဆုံး သူက(၅)ဦးရှိကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှတ်တမ်းများ အရ သိရသည်။
သန်းနိုင်ဦး(ငဖဲ)