ရှမ်းရွာသစ် ဒီဇင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ၊မဲသမူးကျေးရွာအုပ်စု မောခီးကျေးရွာရှိ တောင်သူ ဦးစောမောင်အေး၏ လယ်ယာတွင် စိုက်ပျိုးသည့် မိုးနှောင်းနှမ်း(ခေါ်)ဆောင်းဦးနှမ်းများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေကြောင်း သိရှိရသည်။
အဆိုပါမိုးနှောင်းနှမ်း(ခေါ်) ဆောင်းဦးနှမ်းကို စိုက်ပျိုးမည်ဆိုလျှင် မိုးဦးမိုးလယ်တွင် မည်သည့် သီးနှံကိုမှ မစိုက်ပျိုးဘဲ စိုက်ပျိုးမြေ ကို ထွန်ရေးညက်အောင် ထွန်ထားပြီး ပေါင်းမြက်များပေါက်လာတိုင်း ထွန်ယက်ရှင်းလင်းပေးနိုင်မှသာ ဆောင်းဦး နှမ်းကြဲပက် စိုက်ပျိုးချိန် ပေါင်းမြက်များကင်းရှင်းပြီး နှမ်းပင်များ ကောင်းလာကြောင်း သိရှိရသည်။
နှစ်စဉ် စက်တင်ဘာလအတွင်း မိုးရွာသွန်းပါက မိုးနှောင်းနှမ်းကြဲပက် စိုက်ပျိုးကာ အောက်တိုဘာလတွင် အပင်များဖြစ်ထွန်း အောင်မြင်နေကြောင်း ၊ ဆောင်းရာသီဝင်ရောက်လာလျှင် ဆောင်းတွင်းအအေး ဓာတ်ဖြင့် အပင်များဖွံ့ဖြိုးလာပြီး အဖူးအပွင့်တင်ကာ အသီးနှင့်အစေ့အောင်မြင်ကြောင်း၊ နတ်တော်လလောက်တွင် နှုတ်ယူသိမ်းဆည်းကြောင်း၊ မောခီးကျေးရွာသည် နှစ်စဉ် မိုးနှောင်းနှမ်း(ခေါ်) ဆောင်းဦးနှမ်းကို စိုက်ပျိုးသည့် ကျေးရွာဖြစ်ကာ နှမ်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)