လှိုင်းဘွဲမြို့နယ် အ​ခြေခံအ​ဆောက်အဦး ဆောက်လုပ်ခြင်းဆိုင်ရာ မွမ်းမံသင်တန်းပြုလုပ်

လှိုင်းဘွဲ        ဒီဇင်ဘာ ၂၀

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုး​ရေး၊​​မွေးမြူ​ရေးနှင့် ဆည်​​မြောင်းဝန်ကြီးဌာန ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်​ အကောင်အထည်ဖော်ဆောင်ရွက်​နေ​သော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အ​ခြေခံအ​ဆောက်အဦးဆိုင်ရာ မွမ်းမံသင်တန်းကို ယမန်နေ့က ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ မြို့နယ်အင်ဂျင်နီယာအကြံ​ပေး  နန်းခိုင်ခင်ဦး၊ ကရင်ပြည်နယ် အင်ဂျင်နီယာအကြံ​ပေးဦးအောင်​ကျော်စံနှင့် မြို့နယ်လက်​ထောက် အင်ဂျင်နီယာအကြံ​ပေးများက လုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု အရင်းအမြစ် စီစဉ်မှုအစီအစဉ်များ၊ အကာအကွယ်စီစစ်ချက်များ၊ Environmental & Social Safeguards စီစဉ်မှုအစီအစဉ်များ၊ လုပ်ငန်းခွဲများ​ ရေရှည်တည်တံ့ပြီး လည်ပတ်ထိန်းသိမ်း ပြုပြင်ရမည့်စနစ်များအား စနစ်တကျ လိုက်နာကျင့်သုံးတတ်​ရန် စသည်တို့ကို  လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ လက်​ထောက်နည်းပညာမှူး(၃၂)ဦးအား  သင်ကြား ပို့ချပေး ခဲ့ပြီး သင်တန်းကို(၂)ရက်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်​ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)