လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

လှိုင်းဘွဲ ဒီဇင်ဘာ ၂၀

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြန်ထောင်စု)ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောက်တိုဘာလ (၂၇)ရက်နေ့မှ စတင်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြိုင်ကြီးငူအထူးဒေသတွင် ဆောင်ရွက်နေသော ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို  ယမန်နေ့က လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြန်ထောင်စုရန်ပုံငွေကျပ်(၁၉၀.၈၄၂)သန်းဖြင့် မြိုင်ကြီးငူ အထူးဒေသ၊ ယခင်စစ်မှုထမ်းဟောင်းရွာ(သစ္စာအေးမြိုင်)ရွာ ကတ္တရာလမ်း(၆၀၀၀)ပေ လမ်းခင်းခြင်း လုပ်ငန်းကို ငွေတောင်တန်းကုမ္ပဏီမှ (၂၅.၁၁.၂၀၂၀)ရက်နေ့မှ လုပ်ငန်းများကို စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများကို စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။

အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာနေပြည်သူ(၁၆၂၄၁)ဦး၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသည့် အပြင် လမ်းပန်း ဆက်သွယ်ရေးလည်း ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)