စစ်ကိုင်းမြို့နယ်အတွင်း ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်စည်းကမ်း မလိုက်နာသူများအား ငွေဒဏ်ပေးဆောင်စေခဲ့

စစ်ကိုင်း ဒီဇင်ဘာ ၂၀

စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သွားလာမှု များအား ပညာပေးကာလကျော်လွန်လာပြီဖြစ်၍ ဒီဇင်ဘာ(၁၅)ရက်နေ့မှ စတင်ကာ အထူးကြပ်မတ် စိစစ်လျက်ရှိရာ ယမန်နေ့က စည်းကမ်းမလိုက်နာသူ(၄၄)ဦးအား စိစစ်ရေးအဖွဲ့များမှ ငွေဒဏ်ဖြင့် အပြစ်ပေးခဲ့ကြောင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။               

မြို့နယ်အတွင်း စည်းကမ်းမလိုက်နာ၍ အပြစ်ပေးခံရသူ(ပထမ)နေ့တွင်(၇၆)ဦး၊ ဒုတိယနေ့တွင်(၅၈)ဦး၊ တတိယနေ့တွင်(၂၈)ဦး၊ စတုတ္ထနေ့တွင်(၂၄)ဦး၊ ပဥ္စမနေ့တွင်(၄၄)ဦးတို့ဖြစ်ကာ စတင်စိစစ်သည့် ဒီဇင်ဘာ(၁၅)ရက်နေ့မှ ဒီဇင်ဘာ(၁၉)ရက်နေ့ ညနေအထိ စုစုပေါင်း(၂၃၀)ဦးအား သတ်မှတ်ထုတ်ပြန် ထားသည့် စည်းကမ်းလိုက်နာမှု မရှိခြင်းတို့ကြောင့်  ငွေဒဏ်ဖြင့်သာ အပြစ်ပေးခဲ့ကြပြီး ယနေ့အထိ တည်ဆဲဥပဒေအရ အရေးယူခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။

မျိုးဝင်း(စစ်ကိုင်း)