ကမာရွတ် ဒီဇင်ဘာ ၂၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ရန်ကုန်ပညာရေး တက္ကသိုလ်အနီးပြည်လမ်းမအောက်တွင် တည်ဆောက်လျက် ရှိသော မြေအောက်လမ်းကူး လူသွားဥမင် (Under Pass) တည်ဆောက်ရေးလုပ်ငန်း၌ နိုင်ငံတကာအဆင့်မီ စျေးဆိုင်ခန်းများ ပါဝင်သော ပြည်လမ်းမမြေ အောက်လမ်းကူး လူသွားဥမင် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ ကြောင်းသိရသည်။
မြေအောက်လမ်းကူး လူသွားဥမင်ကို သံကူကရစ် အမျိုးအစားဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ပင်မ ဥမင်အလျား ၄၂၇ပေ ၂ လက်မရှိ၍ ဥမင်အမြင့် မှာ ၁၁ပေ ရှိ၍ ဥမင်ခန်းဖွင့်အကျယ်မှာ ပေ ၄၀ ရှိပြီး ဥမင်အတွင်း လူသွားလမ်းအကျယ်ကို ၁၉ ပေ ၈ လက်မအထိ ထားရှိပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကမာရွတ်မြို့နယ် စိုက်ပျိူးရေးမှတ်တိုင်အနီးရှိ ပညာရေးတက္ကသိုလ် ဘက်ခြမ်းမှ ပြည်လမ်းမကြီးအား မြေအောက်မှ တူးဖော် ကာ ဖြတ်သန်း ဖောက်လုပ်နေသည့် မြေအောက်လမ်းကူး လူသွားဥမင်တည်ဆောက်ခြင်းလုပ်ငန်းသို့ တိုင်း ၁ လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း၊ တိုင်းလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်လေးလေးသွယ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်း/တံတား) မှဒေါ်အိအိစိုးနှင့် တည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် လုပ်ငန်းခွင်အတွင်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)