တွံတေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံအလုပ်ရုံများအား စစ်ဆေးခြင်းဆောင်ရွက်

တွံတေး  ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိစက်ရုံ၊  အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ကြသောစက်ရုံအလုပ် သမားများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမပေါ်စေရေး နှင့်ကိုဗစ်-၁၉ရောဂါထိန်းချုပ်နိုင်ရေးအတွက် ပေါက်တောကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာရှိ ကျော့ပိုးအိတ် ထုတ်လုပ်မှု စက်ရုံအား ယမန်နေ့နံနက်၁၁နာရီက တာဝန်ရှိသူများက သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးနိူင်ဝင်းဆွေ၊ မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှူး  ဒေါက်တာမျိုးဇော်လှ နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ကိုဗစ်-၁၉ရောဂါအရေးပေါ်တုံ့ပြန်ရေးနှင့် ကူညီ စောင့်ရှောက်ရေးအဖွဲ ဥက္ကဋ္ဌအဘလှနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်ရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများက ကျော့ပိုးအိတ်စက်ရုံ EASTERN TERRANCE MANUFACTURE CO. LTD သို့သွားရောက်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/ မရှိ ကြည့်ရှု့စစ်ဆေးခြင်း၊  စက်ရုံအလုပ်သမားများ ကိုဗစ်-၁၉ရောဂါဆိုင်ရာနှင့်ပတ်သက်၍ သိရှိခြင်း ရှိ/မရှိမေးမြန်းခြင်းများ  Face Shieldများတပ်ဆင်ရေး ၊Maskများစနစ်တကျစွန့်ပစ်ရေး၊ လက်ကိုအရာဝတ္ထုများကိုင်ပြီး တိုင်မကြာခဏလက်ဆေးရန် အသိပညာ ပေးခြင်း၊ ဖယ်ရီကားများစီးရာတွင်ကားတစ်စီးကိုပုံသေသတ် မှတ်စီးနင်းရေး၊ အလုပ်လုပ်သည့် အခါတစ်ဦး နှင့်တစ်ဦး (၆)ပေကွာလုပ်ကိုင်ရေး၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ချက်များလိုက်နာ ဆောင်ရွက်ရေးအသိပညာ ပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုနောက် တာဝန်ရှိသူများက စက်ရုံအတွင်း၊အပြင်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ဆိုင်ရာများ စီစဥ်ဆောင်ရွက်ထားမှုများကြည့်ရှု့ စစ်ဆေးကာ စက်ရုံတာဝန်ခံနှင့်တာဝန်ရှိသူများနှင့် တွေ့ဆုံပြီးကိုဗစ်-၁၉ရောဂါဆိုင်ရာများ စက်ရုံအလုပ်သမားများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး ဆက်လက်ဆောင်ရွက်ပေးကြရန် အသိပညာပေးခြင်း၊ စက်ရုံအလုပ်ရုံအလုပ်ဌာနများသည်လုပ်ငန်းသဘောသဘ ဝအရ ကူးစက်ပျံနှံမှုအလားအလာ ပိုမိုများပြားနိုင်ပြီးအလုပ်သမားများအကြားတွင်လည်ကူးစက် ပျံနှံမှုများတွေ့ရှိလာနိုင်သောကြောင့် စက်ရုံအလုပ်ရုံ အလုပ်ဌာနအျားအနေဖြင့် အထူးသတိပြု၍တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်ပြောကြား ခဲ့ကြောင်း  သိရှိရသည်။

မျိုးလှိုင်(တွံတေး)