သန်လျင် ဒီဇင်ဘာ ၂၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မြို့နယ်ရဲတပ်ဖွဲ့ဝင် အရာရှိများ၊ အခြားအဆင့်များနှင့် စာရေးဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ထွန်းထွန်းဦးက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ရဲတပ်ဖွဲ့ဝင် အရာရှိများ၊ အခြားအဆင့်များနှင့် စာရေးဝန်ထမ်းများ အား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် အခြေခံစားသောက် ကုန်ပစ္စည်းများ ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးနေမှုတို့ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် သန်လျင်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းထွန်းဦးက ရဲတပ်ဖွဲ့ဝင် အရာရှိများ၊ အခြားအဆင့်များနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၁၁၄) ဦးတို့အား တစ်ဦးလျှင် ဆန် (၃) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၁) ထုပ်၊ ကြက်သွန်နီ (၅၀) ကျပ်သား၊ ကုလားပဲ (၅၀) ကျပ်သားနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ပါးစပ်/နှာခေါင်းစည်း Mask များနှင့် လက်သန့်ဆေးဘူးတို့အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ယနေ့ ထောက်ပံ့ပေးခြင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်- (၁၉) ကာလ ထုတ်ပြန်ထားသော စည်ကမ်းများနှင့် အညီပြုလုပ်ခဲ့ပြီး ထောက်ပံ့ပစ္စည်း စုစုပေါင်း ဆန် (၁၄) အိတ်၊ ဆီ ၂၈ ပိသာ၊ ဆား ၂၈ ပိသာ၊ ကြက်သွန်နီ ၂၈ ပိသာ၊ ကုလားပဲ ၂၈ ပိသာနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ပါးစပ်/နှာခေါင်းစည်း Mask ၁၀၀၀နှင့် လက်သန့်ဆေးဘူး ၅၀ ဘူးတို့ဖြစ်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)