လှည်းကူး ဒီဇင်ဘာ၂၀
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာနေရာတစ်ခုဖြစ်သည့် လှည်းကူးမြို့မဈေး၌ We Love Hlegu လူထုအခြေပြု ပရဟိတအဖွဲ့မှ လက်သန့်ဆေးရည်(၈၀၀)ဘူးတို့ကို ယနေ့ နံနက် (၈)နာရီက အခမဲ့ဝေငှခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားနေစဉ်ကာလအတွင်း We Love Hlegu လူထုအခြေပြု ပရဟိတအဖွဲ့မှ လက်သန့်ဆေးရည်များကို ကိုယ်တိုင်ပြုလုပ်၍ လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာ နေရာတစ်ခု ဖြစ်သည့် မြို့မဈေးတွင် ဈေးသူဈေးသားများ၊ ဈေးဝယ်လာကြသူများ၊ ဆိုက်ကားဂိတ်များစသည့် နေရာတို့၌ ကိုဗစ်-၁၉ ရောဂါကာလ နေအိမ်ပြင်ပထွက်ခွာသွားလာသူများအား လက်များကို ဆေးကြော သန့်စင်နိုင်စေရန် လက်သန့် ဆေးရည်(၈၀၀)ဘူးတို့ကို We Love Hlegu လူထုအခြေပြုပရဟိတအဖွဲ့မှ ဦးဆောင်၍ လှည်းကူး မြို့မဈေး စည်ပင်သာယာရေးကော်မတီဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အခမဲ့ဝေငှခဲ့ပြီး အခြား ဈေးနေရာများတွင်လည်း ထပ်မံဝေငှသွား မည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)