နှမ်းအထွက်နှုန်းကောင်းသော်လည်း နှမ်းဈေးများ ကျဆင်းမှုကြောင့် နှမ်းစိုက်တောင်သူများ အဆင်မပြေ

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၂၀

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် နှစ်ရှည်သီးနှံပင်များနှင့် ရာသီအလိုက် စိုက်ပျိုးရေးသီးနှံပင်များကို အဓိကထားစိုက်ပျိုးလုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခုနှစ် မိုးရာသီနှင့် ဆောင်းရာသီတွင် ဒေသခံတောင်သူများမှ မိုးနှမ်းနှင့် ဆောင်းနှမ်းကို ဧကတစ်သောင်းရှစ်ထောင်ကျော် ဧကခန့် စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး တစ်ဧက အထွက်နှုန်းမှာ တစ်ဧကလျှင်(၁၃)တင်းခန့် ထွက်ရှိပြီး အထွက်နှုန်းမှာလည်း တိုးတက်ကောင်းမွန် လျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် မိုးနှမ်းနှင့် ဆောင်းနှမ်းများ အထွက်နှုန်းများ တိုးတက်ကောင်းမွန်သော်လည်း နှမ်းဈေး နှုန်းမှာ ယခင်နှစ်များတွင် နှမ်းဈေးမှာ တစ်တင်းလျှင် ငွေကျပ်(၇၅၀၀၀)ဈေးနှုန်း ရရှိသော်လည်း ယခုနှစ် နှမ်းရိတ်သိမ်းပြီး နှမ်းထွက်ချိန်တွင် နှမ်းဈေးနှုန်းမှာ တစ်တင်းလျှင် ငွေကျပ်(၅၃၀၀၀) ဈေးနှုန်းသာ ရရှိခြင်းကြောင့် နှမ်းစိုက်တောင်သူများ အဆင်‌ပြေမှုမရှိကြောင်း သိရသည်။

မျိုးမင်းဦး ပြန်/ဆက်