ဝေါမြို့၌ မီးဘေးလုံခြုံရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး

ဝေါ ဒီဇင်ဘာ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ် လုံခြုံရေးအတွက် ဝေါမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား   ဒီဇင်ဘာလ၁၉ရက်နေ့   နံနက်ပိုင်းက  ကွင်းဆင်း  စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် ဝေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ် ဦးစီးမှူး ဦးသိန်းထွန်း နှင့်  သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများမီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်၊ အသက်အိုးအိမ်ဆုံးရှုံးမှုများ မဖြစ်ပေါ် စေရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအားမီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အကြံပြုခြင်းများနှင့် မီးသတ် ဆေးဘူးအသုံးပြုပုံများ ကို ရှင်းလင်းပြသပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)