အာရောဂျသုခလူမှုကူညီရေးအသင်းသို့ အရေးပေါ်လူနာတင်ယာဉ်တစ်စီးလှူဒါန်း

သာကေတ ဒီဇင်ဘာ ၂ဝ

သာကေတမြို့နယ်၊ ၆/အရှေ့ရပ်ကွက်၊ ဝေဇယန္တာအရှေ့(၁၀)လမ်းရှိ အာရောဂျသုခ လူမှုကူညီရေး အသင်းသို့ ငွေကျပ်သိန်း(၈၀)တန် အရေးပေါ်လူနာတင်ယာဉ်တစ်စီးကို ယနေ့ နံနက်(၉)နာရီက အဆိုပါ အသင်းရုံးတွင် လှူဒါန်းခဲ့သည်။

အဆိုပါ အရေးပေါ်လူနာတင်ယာဉ်ကို သာကေတမြို့နယ်၊ ၆/အရှေ့ရပ်ကွက်၊ ဝေဇယန္တာ (၁၂) လမ်း၊ အမှတ်(၉၉၉)နေ အလှူရှင် ဒေါ်ရင်မြမိသားစုက ကွယ်လွန်သွားကြသည့် (ဦးချစ်ဝင်း) (ဦးသက်လွင်) (ဦးမိုးအောင်)တို့အား ရည်စူး၍ လူမှုရေးလုပ်ငန်းများ၊ ကျန်းမာရေးအထောက် အကူပြုလုပ်ငန်းများ၊ လုပ်ကိုင်နိုင်ရန်အတွက် ငွေကျပ်သိန်း(၈၀)အကုန်ကျခံကာ လှူဒါန်းခြင်း ဖြစ်သည်။

အလှူရှင်ဒေါ်ရင်မြက “()ရက်သားသမီးတွေ ကျန်းမာရေးအရေးပေါ်လာရင် အခက်အခဲမရှိ ရအောင် အခုလိုလှူဒါန်းရတာပါ လှူဒါန်းရတဲ့အကျိုးကိုလည်း ကွယ်လွန်သွားကြတဲ့သူတွေ ရောက်ရာအရပ်က အမျှဝေနိုင်ပါစေ၊ ၇ ရက်သားသမီး တွေလည်းကျန်းမာပါစေဟု ပြောကြားခဲ့သည်။

အဆိုပါအရေးပေါ်လူနာတင်ယာဉ်(အခမဲ့)ကို အသုံးပြုလိုပါက (၂၄)နာရီအချိန်မရွေး ဖုန်း-၀၉၄၄၈၀၄၇၁၁၀ ၊ ၀၉-၄၂၀၀၇၄၉၀၀ ၊ ၀၉-၇၉၈၁၁၇၉၆ဝ နှင့် ၀၉-၂၅၀၄၉၄၈၄၂ သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။

ကိုဘုန်း(ပြန်ဆက်)