ကော့မှူးမြို့နယ် မူလွန်(ပတုပ်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲ ကျင်းပ

ကော့မှူး ဩဂုတ် ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများစာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိ‌စေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ‌ ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အခြေခံပညာမူလတန်း‌လွန်ကျောင်း(မူလွန်-ပတုပ်)ကျောင်း၌ အသိပညာ‌ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ဦးစွာမူလွန်(ပတုပ်)မှကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းရီကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က ကျောင်းသား‌၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကိုကြိုးစားကြသလို ပြင်ပဗဟုသုတတိုးပွား‌စေရေးအတွက် ပြင်ပစာ‌ပေများကို‌လေ့လာဖတ်ရှုကြရန်၊ ပြင်ပစာအုပ်စာစောင်များလေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များရရှိမည်ဖြစ်ကြောင်း၊ အလိမ္မာစာမှာရှိ စာအုပ်စာပေလူမိတ်ဆွေဆိုသည့်အတိုင်း စာအုပ်စာပေများချစ်မြတ်နိုးတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာကြည့်တိုက်သို့လာရောက်ရန်၊ ငယ်ရွယ်စဉ်ကပင် စာအုပ်စာပေများလေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေဖတ်ရှုမှသာလျှင် မိမိဘဝတိုးတက်လာမည်ဖြစ်ကြောင်းနှင့် စာပေနှင့်ပတ်သက်သောအကြောင်းအရာများအား‌ ဟောပြောခဲ့ကြောင်းသိရသည်။    

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတတိုးပွားစေရေးအတွက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များနှင့် သုတ/ရသစာအုပ်၊ စာ‌စောင်များကိုခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)