မှော်ဘီ ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မှော်ဘီခရိုင်မှူးနှင့် မှော်ဘီမြို့နယ်ဦးစီးမှူးတို့၏ ဦးစီးဦးဆောင်ကြီးကြပ်မှုဖြင့် မှော်ဘီမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူးဒေါ်ခင်စိုးသန်းနှင့်ဝန်ထမ်း(၅)ဦးတို့က မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးမှူးရုံးတွင် နိုင်ငံ့ဝန်ထမ်း (ငြိမ်း)ပင်စင်စားများအား Biometric ကောက်ယူခြင်း၊ Smart Card များပြုလုပ်ပေးခြင်းလုပ်ငန်းနှင့် UID နံပါတ်ထုတ်ပေခြင်းများကို ဆက်လက်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးဦးဝင်းမြတ်ဆွေနှင့် လဝကဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း(ငြိမ်း)ပင်စင်စားများနှင့် အခြားနိုင်ငံဝန်ထမ်းမဟုတ်သော ရပ်ကွက်/ကျေးရွာရှိအများပြည်သူများအားလည်း နိုင်ငံသားစိစစ်ရေးကဒ်ပြား အပျောက်အပျက်များပြုလုပ်ဆောင်ရွက်ပေးခြင်း၊ Biometric ကောက်ယူခြင်း၊ Smart Card များပြုလုပ်ပေးခြင်း၊ UID နံပါတ်များထုတ်ပေးခြင်းလုပ်ငန်းများကို မှော်ဘီမြို့နယ် လဝကရုံးတွင် ရုံးဖွင့်ရက်တိုင်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ဝင်းဇော်(ပြန်/ဆက်)