သန်လျင် ဒီဇင်ဘာ ၂၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အမှုထမ်းရပ်ကွက် ရွှေဝါလမ်းသွယ်(၂)ရှိ အိမ်ရှင်ဒေါ်ခင်နှင်းပုလဲ၏ နှစ်ထပ်သွပ်မိုး ပျဉ်ကာနေအိမ်တွင် ရေနွေးအိုးတည်ရာမှ အပူလွန်ကဲ၍ ဝါယာရှော့ဖြစ်ပြီး မီးလောင် ကျွမ်းရာ နေအိမ်ခြေရင်းနှင့် ခေါင်းရင်းအိမ်များသို့ အနည်းငယ် ကူးစက်လောင်ကျွမ်းခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် ဘေးနှစ်ဖက်ကပ်လျက်ရှိသော နေအိမ်များအနည်းငယ် မီးကူးစက်လောင် ကျွမ်းခဲ့သည်။ မီးလောင်ရာသို့ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦးနှင့် တပ်ဖွဲ့ဝင် များ၊ သန်လျင်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ် များဖြင့်လည်းကောင်း၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် လည်းကောင်း၊ နေ့လယ် ၁ နာရီ ၅၃ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လယ် ၁ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ သည်။
မီးလောင်ရာသို့ သန်လျင်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင် ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့များ အချိန်မီရောက်ရှိ၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးကြသည်။
အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ သန်လျင်မြို့မ ရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သန်းဝင်း(သန်လျင်)