ရွှေဘို၊ ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ယာယီဆေးရုံမှာ ကုသမှုခံယူနေတဲ့ ရွှေဘိုမြို့နယ် ညောင်ပင်သာ ကျေးရွာ က မိခင်နှင့် အသက်(၂) လခွဲအရွယ် မိန်းကလေးငယ် တစ်ယောက် အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၁၁) ယောက်ကို ဒီကနေ့ ယနေ့ နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ပေး လိုက်တယ်လို့ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင် ကပြောပါတယ်။
ဆေးရုံဆင်းခွင့်ရသူတွေက သံဃာ(၁) ပါးအမျိုးသား(၆) ယောက်နဲ့ အမျိုးသမီး(၃) ယောက်၊ ကလေး(မ) (၁) ယောက် ဖြစ်ပါတယ်၊ သူတို့တွေ ကတော့ ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာက အမျိုးသား(၁) ယောက်နဲ့ အမျိုးသမီး(၂) ယောက်၊ အသက် (၂) လခွဲအရွယ် ကလေး(မ) (၁) ယောက်၊ နွယ်ငြိမ်းရွာက သံဃာ(၁) ပါး၊ မောင်းတက်ရွာက အမျိုးသား(၁)ယောက်၊ မခေါက်ရွာက အမျိုးသား(၁) ယောက်၊ ရွှေဘိုမြို့က အမျိုးသား(၃) ယောက်နဲ့ အမျိုးသမီး(၁)ယောက်၊ စုစုပေါင်း(၁၁) ယောက် ဖြစ်တယ်လို့သိရပါတယ်။
ဆေးရုံဆင်းခွင့်ရသူတွေ အနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ အညီ ကျောင်းတိုက်နဲ့ နေအိမ်တွေမှာ (၇)ရက် အသွားအလာကန့်သတ်နေထိုင်ရမှာဖြစ်တယ်လို့လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင် ကပြောပါတယ်။ ရွှေဘိုမြို့နယ်မှာ ဒီဇင်ဘာလ(၂၀)ရက် မနက်ပိုင်းအထိ အတည်ပြုလူနာ(၁၅၇) ယောက်ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရသူကတော့ (၁၃၃)ယောက် ရှိပါတယ်။
ထွန်းမြင့်အောင်(ရွှေဘို)