ဝက်လက် ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မကျီးတုံကျေးရွာတွင် (CERP)စနစ်ဖြင့် စိုက်ပျိုး ထားသော ပေါ်ဆန်းရင် မိုးစပါးစံပြကွက် ရိတ်သိမ်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန် က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စံပြကွက်ရိတ်သိမ်းရာတွင် မကျီးတုံကျေးရွာ ကွင်းအမှတ်-၃၄၅၄၊ ဦးပိုင်(က-၂၂/၂)ရှိ တောင်သူ ဦးကျော်စိုး၏ စိုက်ဧက(၃)ဧကအတွင်း ပေါ်ဆန်းရင်စံပြကွက်ကို စမ်းသပ်ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးအစို(၁၀၁)တင်း ထွက်ရှိကြောင်း သိရှိရသည်။
အဆိုပါ စံပြကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့မစခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
အိမွန်ထွန်း(ဝက်လက်)