ကျိုက်မရော ဒီဇင်ဘာ ၂၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်း၊ လုပ်ငန်းများကို ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကော့ပနော- အံကရဲ-ဖားပျောက် ကြီးအုပ်လမ်း (16 km) နှင့် ဖာသိမ်-ရေပူကော့စပ်-မရမ်းကုန်းလမ်း(11km) လုပ်ငန်းများအား ကျောက်ချောလမ်းခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဏာနှစ်အတွင်း လျာထားနိုင်ရေးနှင့် ၂၀၂၀- ၂၀၂၁ ဘဏ္ဏာနှစ်အတွင်း ဆောင်ရွက်နေဆဲ မိကသစ်-လေးအိမ်စုလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကို ယမန် နေ့ နံနက်က အမျိုးသားလွှတ်တော် ဦးခင်ဇော်ဦးနှင့် ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာ ဒေါ်ဆွေဆွေနွယ်(ဦးစီးအရာရှိ) တို့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် ကော့ပနော-အံကရဲ၊ ဖားပျောက်ကြီးအုပ် ကျေးရွာချင်းဆက်လမ်းများကို လာမည့် ဘဏ္ဏာနှစ်တွင် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးမှာကြားကာ ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်အတွင်း ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ (၁၅၇.၇)သန်းဖြင့် ဆောင်ရွက်နေဆဲ လမ်းပိုင်းများအား အရည်အသွေး ပြည့်မီရေးနှင့် အချိန်မီပြီးစီးရန် ဆောင်ရွက်နိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းများ ဆောင်ရွက်ပြီးစီးပါက ယခင်က သွားလာရန် အလွန်ခက်ခဲသော ကျေးရွာများအတွက် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့လာစေပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလည်း တိုးတက်ကောင်းမွန် လာပြီး လူမူစီးပွားရေးဖွံ့ဖြိုးတိုးတက်လာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ချိုချို (ပြန်/ဆက်)