လသာ ဒီဇင်ဘာ ၂၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ ဓာတ်ရောင်ခြည် ဆေးကု ဌာန၊ ဓာတ်ရောင်ခြည် ကုသစက် (Linear Accelerator) အတွက် Server အသုံးပြုရန် ချိတ်ဆက် ထားသည့် Battery များထားရှိသည့်အခန်းတွင် ယနေ့ နေ့လည်(၁) နာရီ ၁၃ မိနစ်ခန့် အချိန်တွင် မီးလောင်မှု စတင်ဖြစ်ပွားကြောင်းသတင်းရရှိသည်။
စတင်ဖြစ်ပွားသည့် နေရာသည် Server အသုံးပြုရန်ချိတ်ဆက်ထားသည် Battery ခန်းဖြစ်ပြီး အသုံးပြုနေဆဲ သက်တမ်းလွန် Battery တစ်လုံး၏ Battery ခေါင်းချောင်ရာမှ စတင် ဖြစ်ပွားခဲ့ပြီး Battery အနီးရှိ ပုံသွင်းရန်အသုံးပြုနေဆဲ ဖော့တုံးအချို့သို့ ကူးစက်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပြီး မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၊ ကျောက်တံတားမြို့ နယ် မီးသတ်စခန်း၊ လသာမြို့နယ်အရန်မီးသတ်တပ်ဖွဲ့တို့ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ကွပ်ကဲမှုယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၅ ဦးတို့ဖြင့် ငြှိမ်း သတ်ခဲ့ရာ နေ့လည်(၁) နာရီ ၁၈ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လည်(၁) နာရီ ၂၀ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
မေသူ(ပြန်/ဆက်)