ကျောက်တန်းမြို့နယ်တွင် အရောင်းဆိုင်များအား အခွန်အမှတ်တံဆိပ်ကပ်နှိပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

ကျောက်တန်း ဩဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်မှု ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခြင်းကို ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးဦးစောရွှေကျော်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကျောက်တန်းမြို့နယ်အတွင်းရှိ ပြေစာအမှတ်တံဆိပ်များကပ်နှိပ်ရမည့်လုပ်ငန်းများဖြစ်သော ရွှေဆိုင်လုပ်ငန်းများ၊ စားသောက်ဖွယ်ရာရောင်းချမှုလုပ်ငန်းများနှင့် ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းရောင်းချသောအရောင်းဆိုင်များအပေါ် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နေလင်းကျော်(ပြန်/ဆက်)