မကွေး ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၌ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ သစ်(၅၇)ဦး ထပ်တိုးတွေ့ရှိခဲ့၍ တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း (၂၁၉၅)ဦး ရှိပြီဖြစ်ကြောင်း တိုင်းဒေသသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန် ချက်အရ သိရသည်။
တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာတွေထဲက ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေး ကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူတွေ ရှိသလို ခုရက်ပိုင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကလည်း ပိုမိုတွေ့ရှိနေ ဆဲပါ၊ ဒီကနေ့မှာ ထပ်တိုးတွေရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးမှုဖြင့် ပိုးတွေ့ အတည်ပြုလူနာ(၅၇)ဦး ထပ်တိုးတွေ့ရှိခဲ့တာပါ၊ ပိုးတွေ့ရှိတဲ့မြို့နယ်တွေက မြို့သစ်က(၁၅)ဦး၊ စလင်းက(၁၀)ဦး၊မကွေးမြို့နယ်က(၈)ဦး၊မင်းဘူးက(၄)ဦး၊ ရေနံချောင်း၊ ပခုက္ကူနဲ့ ဆင်ပေါင်ဝဲက(၃)ဦး စီ၊ မြိုင်၊ ဂန့်ဂေါ၊ အောင်လံနဲ့ ချောက်က(၂)ဦးစီ၊ ငဖဲ၊ စေတုတ္တရာနဲ့ ဆိပ်ဖြူက(၁)ဦးစီ တို့ဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေထဲက မြို့သစ်က(၉)ဦး၊ စလင်းက(၉)ဦး၊ မင်းဘူးက(၂)ဦး၊ မြိုင်(၁)ဦးနဲ့ မကွေး(၁)ဦး တို့က ပိုးတွေ့အတည်ပြုလူနာနှင့်ထိတွေ့မှုရှိတာကြောင့် အသွားအလာ ကန့်သတ်ထားသူတွေဖြစ်ပြီး၊ ကျန်သူတွေက အနံ့ပျောက် လက္ခဏာ ပြသူတွေနဲ့ ရခိုင်ပြန်၊ ရန်ကုန်ပြန်၊ မန္တလေးပြန်နှင့် ထိုင်းပြန် (Quarantine Centre)တွေက ဖြစ်ပါတယ်၊ ဒီကနေ့ ညနေပိုင်းအချိန်အထိ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း(၂၁၉၅)ဦးရှိပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြုပြောကြားခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာပေါင်း (၂၁၉၅)ဦးထိရှိလာပြီး၊ အတည်ပြုလူနာများထဲက တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ တက်ရောက် ဆဲ(၅၀၃)ဦးရှိကာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၁၆၈၇)ဦးနှင့် သေဆုံးသူက(၅)ဦးရှိ ကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည် ။
သန်းနိုင်ဦး(ငဖဲ)