အလုံ ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ အလုံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက စောရန်ပိုင်အရှေ့ရပ်ကွက်၊ အမှတ်(၁၅၂)၊ ဒုတိယသီရိရိပ်သာတွင် ဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ခြင်းကို နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်စေခဲ့ကာ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းအား ဆောင်ရွက်ခဲ့သည်။
အဆိုပါအစီအစဉ်သို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးထွန်းအောင်ငွေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် မဲဆန္ဒရှင် စုစုပေါင်း (၃၅၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ (ပြန်/ဆက်)