သုံးခွ သြဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ ဝန်ထမ်းများက အ.မ.က (၁၁) ကျောင်းတွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကျောင်းကျန်းမာရေးဆောင်ရွက်ရာတွင် သွားဘက်ဆိုင်ရာ ဒေါက်တာ သင်းနန္ဒာဆွေက သွားတစ်ချောင်းဖွဲ့စည်းတည်ဆောက်ပုံ၊ သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါသုံးမျိုးအကြောင်း၊ သွားတိုက်ချိန်နှင့် သွားတိုက်နည်းစနစ် မှန်ကန်စေရေးအကြောင်းအရာများ သွားနှင့် ခံတွင်းအကြောင်း၊ မှန်ကန်စွာသွားတိုက်နည်းစနစ်အကြောင်း ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သွားစစ်ဆေးပေးခြင်း၊ ဖာထေးပေးခြင်း၊ နုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သက်ထားမြင့် ဦးဆောင်သောအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား သံချဆေးတိုက်ခြင်းနှင့် တစ်ကိုယ်ရေကျန်းမာရေးအကြောင်း သိကောင်းစရာတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ကျား(၂၂၀)၊ မ (၂၁၇) စုစုပေါင်း(၄၃၇)ဦးအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)