သံဖြူဇရပ် ဒီဇင်ဘာ ၂၁
ခြောက်သွေ့ရာသီကာလသို့ ဝင်ရောက်လာပြီဖြစ်၍ သံဖြူဇရပ်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက်၊မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဉီးအောင်ကျော်ထွေး ဦးစီး သည့် မီးသတ် တပ်ဖွဲ့ဝင်များသည်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ပြည်သူများ မှ လိုက်နာ ဆောင်ရွက် ရမည့်အချက်များကို၊ ဒီဇင်ဘာလပထမပတ်မှစတင်ကာ ညပိုင်း၌ မီးသတ် ယာဉ်ဖြင့် ရပ်ကွက် အသီးသီးတွင်၊ ရက်သတ္တပတ်လျှင်၃ရက် နှိုးဆော်အသိပေး ဆောင်ရွက် ကြောင်းသိရသည်။
အသိပေးဆောင်ရွက်ရာတွင် သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဖြိုးလင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးယုနှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာန ဝန်ထမ်းများ၊ စျေးကော်မတီအဖွဲ့များနှင့်အတူ၊ ဒီဇင်ဘာ ၁၇ရက်နေ့က၊ အမှတ်(၁)မြို့မစျေးကြီးအတွင်း မီးဘေးကာကွယ်ရေးပစ္စည်းများဖြစ်သည့် ရေလှောင်ကန်၊ ရေစက်၊ မီးသတ်ရေပိုက်ခေါင်းများအား စစ်ဆေးခြင်း၊ စျေးအတွင်းရှိ စားသောက် ဆိုင်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ မီးသုံးစွဲမှု စစ်ဆေး ခြင်းနှင့် လျှပ်စစ်ဝါယာကြိုး သွယ် တန်း ထားမှုများစစ်ဆေးခြင်း တို့ဆောင်ရွက်ကြောင်းသိရသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဒီဇင်ဘာ ၁၉ ရက်နေ့ ၌၊ သံဖြူဇရပ်မြို့ရှိစက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းနှင့်ကြိုတင်ကာကွယ်ရေး ပစ္စည်းများ ထားရှိခြင်း ရှိ/မရှိ တို့ကို စစ်ဆေး ဆောင်ရွက်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှသိရသည်။
အေးအေးသီ(ပြန်/ဆက်)