လှိုင်းဘွဲ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ပိုးပလေကျေးရွာအုပ်စု ထီးမကျူခီးကျေးရွာ အုတ်စီရေကန်နှင့်ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၉ရက်နေ့ က စတင် ကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအုတ်စီရေကန်နှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ ၄၅၀,၀၀၀ကျပ်ဖြင့် ရေကန်(အလျား ၈ပေ x အနံ ၈ပေ x အမြင့် ၅ပေ)နှင့် ရေပိုက်(အရှည် ၁,၀၀၀ပေ (3/4" dia) လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး မင်းနွန်လရစ်အောင်၊ လူထုစည်းရုံးရေးမှူး စောထူးမြတ်လေးတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် မြို့နယ် နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီး လုပ်ငန်းများ ၁၀၀%ပြီးစီးပါက ထီးမကျူခီးကျေးရွာမှ အိမ်ထောင်စု(၂၅)စု လူဦးရေ (၁၄၉)ဦးတို့၏ သောက်ရေ/သုံးရေများ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)