လှိုင်းဘွဲ ဒီဇင်ဘာ၂၁
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း)တွင်ကော့ဖမွတ်ကျေးရွာ အုပ်စု ကော့ကစွယ်ကျေးရွာ ကွန်ကရစ်တံတားဆောက်လုပ်ခြင်းလုပ်ငန်းကို ယမန်နေ့က ဆောက်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်တံတားကို (အလျား ၁၀ ပေ ၊ အနံ ၁၈ပေ ၊ အမြင့် ၇ပေ)နှင့် Slab Culvert (အလျား ၁၈ပေ ၊ အနံ ၅ပေ ၊ အမြင့် ၅ပေ) လုပ်ငန်းများကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ ၂,၀၀၀,၀၀၀ကျပ်ဖြင့် လူထုဗဟိုပြုစီမံ ကိန်းမှ လက်ထောက်နည်းပညာမှူး ခွန်နေလင်းအောင်၊ လူထုစည်းရုံးရေးမှူး စောအင်ဒရူးတို့မှ အနီးကပ် ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၁၀၀%ပြီးစီးပါက ကော့ကစွယ်ကျေးရွာမှ အိမ်ထောင်စု(၁၁၃)စု လူဦးရေ (၈၀၆)ဦးတို့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် သွား/လာရေးလွယ်ကူ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)