သဲကုန်း ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြိုနယ်တွင် FQC များရှိ နေရပ်ပြန်(၈၄)ဦး၏ အကြိမ်(၃၀) မြောက် စစ်ဆေးမှုအဖြေမှာ ယမန်နေ့ည သတင်းပါရှိမှု အဖြေအရ အားလုံးပိုးမတွေ့ (All Negative) ဖြစ်ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိခဲ့သည့် စက်တင်ဘာလမှစ၍ ရန်ကုန်မြို့သို့ ပေးပို့ စစ်ဆေးခဲ့သည့် အကြိမ်တိုင်းတွင် ကိုဗစ်ပိုးတွေ့သူများ ပေါ်ထွက်ခဲ့ပြီး ယခုအကြိမ်တွင် အားလုံးပိုးမတွေ့ (All Negative) အဖြေစတင်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
သဲကုန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း (၈၇) ဦးရှိသည့်အနက် (၈၃)ဦးမှာ ဆေးရုံဆင်းခွင့် ရရှိခဲ့ပြီး ယခုလက်ရှိ ဆေးရုံတွင် (၄)ဦးသာ ကျန်ရှိတော့ကြောင်းနှင့် အဆိုပါ(၄)ဦးမှာလည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)