လဟယ် ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ
ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းအနေဖြင့်မြို့၀င်/ထွက် ဂိတ်တွင် ခရီးသွား ပြည်များ အားကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇ၀င်စစ်ဆေးခြင်းကို တင်းကြပ်စွာဆောင်ရွက် လျှက်ရှိ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆင်သေ-လဟယ်မြို့၀င်ဂိတ် အမှတ်(၁)၊ လဟယ်-နန်းယွန်း မြို့ထွက်ဂိတ်အမှတ်(၂)နှင့်ခန္တီး-လဟယ်ကြားနန့်စလိန် တံတားတွင် စစ်ရေးဂိတ် အမှတ် (၃)စုစုပေါင်းစစ်ဆေးရေးဂိတ်(၃)ခုသတ်မှတ်ကာကျန်းမာရေးဌာန၊ထွေ/အုပ်ဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်များပူးပေါင်း၍ ခရီးသွားပြည်သူများအားကျန်းမာ ရေးစစ်ဆေးခြင်း၊ ခရီးသွား ရာဇ၀င် စစ်ဆေးခြင်း တို့ကို မနက်(၈)နာရီမှ ည(၈)နာရီအထိ တင်းကြပ်စွာ ဆောင်ရွက် လျှက် ရှိကြောင်းသိရသည်။
လဟယ်မြို့နယ်သည် ယနေ့အချိန်အထိကိုဗစ်-၁၉ ရောဂါ ကင်းစင်သည့် မြို့နယ် ဖြစ်သည့် အတွက် လဟယ်မြို့နယ်နှင့် မြို့နယ်ချင်းထိစပ်နေသော နန်းယွန်းမြို့ နှင့် ခန္တီးမြို့တို့သည် ကိုဗစ်-၁၉ရောဂါ positive တွေ့သည့်မြို့ဖြစ်ဒါကြောင့် လဟယ် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ် ရေးလုပ်ငန်း ကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် နေ့စဉ် ဌာန ဆိုင်ရာ အကြီး အကဲ ကိုယ်တိုင်အလှည့်ကျတာ၀န်ချ၍ အထူးကြပ်မတ်ဆောင် ရွက်လျှက် ရှိကြောင်း သိရသည်။
ရှားဆက်(ပြန်/ဆက်)