ကလေး ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့တွင် ဒီဇင်ဘာလ၂၀ရက်နေ့က ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ကိုဗစ်-၁၉ကပ်ရောဂါ အတည်ပြုလူနာများနှင့်ဆက်စပ်သူ (၄၃)ဦးအနက်(၂)ဦးတွင် လည်း ကောင်း၊ ဒီဇင်ဘာ(၁၇) ရက်နေ့က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Positive လူနာများ၏ Contact များအား ဓါတ်ခွဲနမူနာရယူပြီး ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)သို့ ပေးပို့ စစ်ဆေးထားသူ (၂၇) ဦးအနက်(၃)ဦးတွင် လည်းကောင်း(စုစုပေါင်း ၅ဦး)တွင် ကိုဗစ်-၁၉ ကပ်ရောဂါ Positiveအဖြေ ထွက်ရှိကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉အတည်ပြုလူနာ (၅)ဦးတို့မှာ ကလေးမြို့အောင်ဇေယျရပ်ကွက်နေ နယ်မြေ (၄)နေ အသက်(၂၆)နှစ်အရွယ်အမျိုးသမီး(၁)ဦး၊ ပင်လုံရပ်ကွက်နေနယ်မြေ(၆)နေ အသက် (၁၄) နှစ်နှင့် အသက် (၁၀) နှစ်အရွယ်အမျိုးသား(၂)ဦး၊ နန်းဇလူကျေးရွာနေ အသက် (၄)နှစ် အရွယ် အမျိုးသမီး (၁)ဦးတို့ ဖြစ်ကြပြီး တိုင်းရင်းဆေးရုံနှင့် ပြည်သူ့အဌားအိမ်ယာ အိတ်စွပ် တို့တွင် ဆေးကုသမှုခံယူစေလျက် ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်ကိုဗစ်-၁၉ကူးစက်ခံရသည့် အတည်ပြုလူနာ(၆၃)ဦး ကျန်ရှိ နေပြီး အဆိုပါအတည်ပြုလူနာများကို တိုင်းရင်းဆေးရုံနှင့် ပြည်သူ့အဌားအိမ်ယာ အိမ်စွပ် တို့တွင် ဆေး ကုသမှု ခံယူစေလျက်ရှိကြောင်းသိရသည်။
ထန်းဖုန်(ပြန်/ဆက်)