နတ်မောက် ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း ၍ အဖွဲ့ပိုင်မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် တားဆီးရေး လုပ်ငန်း များ ကို ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအနေဖြင့် မြို့မဈေးကြီးအတွင်း တပ်ဆင်ထားသော လျှပ်စစ်ဝါယာကြိုးများ ၊ မိန်းခလုတ်များ ၊ လုံခြုံရေးမီးလိုင်းများ ဝန်အားခံ နိုင်မှုရှိ/မရှိ စစ်ဆေးခြင်း ၊ ဈေးဆိုင်ခန်းများရှိ မီးသတ်ဆေးဗူးများ ကောင်းမွန်ခြင်း ရှိ/မရှိစစ်ဆေး ခြင်းနှင့်မီးသတ် ဒိုင်းရှင်းစက်များအား အသင့်အနေအထားဖြစ်စေရေး ဆောင်ရွက်ခြင်း လုပ်ငန်း များကို လျှပ်စစ်ဓါတ် အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်မန်နေဂျာနှင့်ဝန်ထမ်းများ၊ မြို့နယ် မီးသတ် ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များ ၊ မြို့မဈေး သာယာရေးကော်မတီဝင်များ ၊ သက်ဆိုင် ရာရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်းသင်းဝေ (နတ်မောက်)