ရန်ကုန် ဒီဇင်ဘာ ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ရမှုမှ ကြိုတင်ကာကွယ်ရေးအတွက် လူစည်ကားရာနေရာများတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် များက အသိပညာပေးခြင်းနှင့် Mask and Face shield Campaign များကို ယမန်နေ့ ညနေပိုင်းအချိန်က ကန်တော်ကြီး၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကြက်ခြေနီ တပ်ခွဲမှူး မျိုးမင်းဦးက ဦးဆောင်၍ ကြက်ခြေနီလူငယ်တပ်ဖွဲ့ဝင်များက ကန်တော်ကြီးအတွင်းရှိ ကန်ပတ်လမ်း၊ ပန်းကန်လုံးကျွန်းနှင့် ခေမာဒီပကျွန်း (ဘုရားလေးကျွန်း) စသည့်နေရာများတွင် အပန်းဖြေအနားယူခြင်းနှင့် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား ဆောင်ရွက်နေကြသူများ အား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား အသိပညာပေးခြင်းနှင့် Mask များနှင့် Face shield များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)